စောမဲကျီဖောင်ဒေးရှင်းမှ ရခိုင်ပြည်တွင်း စစ်ရှောင်ပြည်သူရို့အား ကူညီထောက်ပံ့လျှက်ဟိရာ ၃၁-၅-၂၀၂၅ နိတွင် စစ်ရှောင် ကိုယ်ဝန်ဆောင်မိခင်များ၊ အချေသူငယ်များနှင့် အမျိုးသမီးများအတွက် ဆီးဝါး၊ အာဟာရဖြစ်နို့မှုန့်ထုပ်များနှင့် အမျိုးသမီးအသုံးအဆောင်များအတွက် အလှူငွေကျပ် ၁၀၀,၀၀၀,၀၀၀ ( သိန်းတစ်ထောင်ကျပ်) ကို Metta Clinic မှတဆင့် ကူညီထောက်ပံ့ပီးခပါသည်။
စောမဲကျီဖောင်ဒေးရှင်းမှ အလှူရှင်တိကိုယ်စား Metta Clinic မှ ဝန်ထမ်းများအား ကျေးဇူးအထူး တင်ဟိပါသည်။
မှတ်ချက်။ စောမဲကျီဖောင်ဒေးရှင်းသည် ပြည်တွင်း ၊ ပြည်ပဟိ အလှူရှင်းရို့၏ အလှူငွေများဖြင့် ရခိုင်ပြည်တွင်း လိုအပ်နီသောနီရာများတွင် ထောက်ပံ့၊ကူညီ၊လှူဒါန်းပီးနီရေ ဖောင်ဒေးရှင်းတစ်ခုဖြစ်ပါသည်။